ကျွန်ုပ်တို့သည် မိမိတို့ပြုမူဆက်ဆံစေလိုသည့်အတိုင်း အခြားသူများ၏ ဂုဏ်သိက္ခာကို လေးစားပြုမူပါမည်။
About Us
လဲသူကိုဖေးမကူညီ ငိုနေတဲ့မျက်ရည်တွေကို
ကျွန်တော်တို့ရဲ့လက်တွေနဲ့ ကူညီလို့သုတ်ပေးကြပါစို့
Vision
အေးချမ်းသာယာသောလူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန်။
Mission
1. လူသားများအားလုံး ဘဝတစ်လျှောက်လုံးတွင် တူညီသော အခွင့်အရေး အပြည့်အဝရစေရန် ဖန်တီးပေးမည်။
2. အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အရည်အသွေးပြည်မှီစွာဖြင့် များပြားလာစေရန် ဖန်တီးပေးမည်။
3. တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်မည်။ Third Sector Organization(TSO) အဖြစ် ရပ်တည်လာနိုင်စေရန်ဆောင်ရွက်မည်။
2. အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အရည်အသွေးပြည်မှီစွာဖြင့် များပြားလာစေရန် ဖန်တီးပေးမည်။
3. တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်မည်။ Third Sector Organization(TSO) အဖြစ် ရပ်တည်လာနိုင်စေရန်ဆောင်ရွက်မည်။
Goal
မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်သာယာလှပစေရန်နှင့် ပြည်သူများတူညီသောအခွင့် အရေးရရှိစေရန်၊ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်။
Core Value(အဓိကတန်ဖိုးထားမှုများ)
ဒုတိယရေသောက်မြစ် လူမှုကူညီရေးအဖွဲ့၏ အဓိကတန်ဖိုးထားမှုများမှာ အဖွဲ့အစည်း၏ ကြိုးပမ်းမှုအ၀၀ကို လမ်းညွှန်သည့် အခြေခံအချက်အလက်များပင်ဖြစ်ပါသည်။
တာဝန်ယူမှု(Accountability)
အမြတ်အစွန်းမယူသော လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့်အလျောက် စေတနာရှင်၊ အလှူရှင် တို့၏ ယုံကြည်စိတ်ချစွာအပ်နှံထားသော အလှူငွေအရပ်ရပ်ကို အကြီးမြတ်ဆုံးတန်ဖိုးထားကာ စံနမူနာကောင်းဖြစ်အောင် တာဝန်ယူလုပ်ဆောင်သွားမည်။
လေးစားမှု (Respect)
ကျွန်ုပ်တို့သည် ထိတွေ့ဆက်ဆံနေရသောသူအားလုံးနှင့်ဆက်ဆံရာတွင် လေးစားမှုသည် အခြေခံမူတစ်ရပ်ဖြစ်သည်။
စွန့်ဦးတီထွင်မှု (Entrepreneurial ship)
ကျွန်ုပ်တို့သည် တီထွင်ဆန်းသစ်မှုကို တန်ဖိုးထားပြီး အဖွဲ့အစည်း၏ပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်များ အစွမ်းကုန်ပြည့်မီစေရန် တွေ့ကြုံရင်ဆိုင်ရသည့် အခက်အခဲများကို အခွင့်အလမ်းများအဖြစ်ပြောင်းလဲသည်။
ပူးပေါင်းဆောင်ရွက်မှု (Collaboration)
ကျွန်ုပ်တို့သည် ပဋိညာဉ်စာတမ်းပါရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက်တူညီ သောအခြားသောအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပြီး အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် ဆက်ဆံရေးနှင့်ပူးပေါင်းပါဝင်ရေးကို အလေးထားအားပေးသည်။